Wednesday, September 8, 2021

အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၈) ကြိမ်မြောက်စာတမ်းဖတ်ပွဲ ကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၈

အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (Asian Organisation of Supreme Audit Institutions: ASOSAI) ၏ (၁၅) ကြိမ်မြောက် စုံညီ ညီလာခံကို စက်တင်ဘာ (၇) ရက်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့ပြီး ယနေ့တွင် ASOSAI ၏ (၈) ကြိမ်မြောက်စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပသည်။

အဆိုပါ စာတမ်းဖတ်ပွဲသို့ အာရှတိုက်ဆိုင်ရာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ အဖွဲ့ဝင် နိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများ ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)နှင့် စာတမ်းဖတ်ကြားမည့် ညွှန်ကြားရေးမှူးများ ပါဝင်တက်ရောက်ကြသည်။

အခမ်းအနားတွင် အာရှတိုက်ဆိုင်ရာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ  ထိုင်းနိုင်ငံ စာရင်းစစ် ချုပ် General Chanathap Indamra က အဖွင့်မိန့်ခွန်း ပြောကြားသည်။

ယင်းနောက် ASOSAI ၏ (၈) ကြိမ်မြောက်စာတမ်းဖတ်ပွဲ “The ASOSAI and the Next Normal: Resilience amidst Challenges” ကို ခေါင်းစဉ်ခွဲ (၄) ခု ဖြစ်သည့် “Promoting good governance in the next normal” ၊ “Encouraging for the achievements of Sustainable Development Goal (SDGs)” ၊ “Leveraging by using advanced technologies for public sector auditing” နှင့် “Responding to disaster and pandemic issues” တို့ဖြင့် Virtual Room အသီးသီးတွင် Parallel session ဖြင့် ကျင်းပသည်။

ယင်းစာတမ်းဖတ်ပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် စာတမ်း (၄) စောင်ပေးပို့ခဲ့ပြီး အသိပညာ၊ အတွေ့အကြုံနှင့် အမြင်များဖလှယ်၍ ဖတ်ကြားတင်ပြသည်။

စာတမ်းဖတ်ပွဲတွင် Promoting good governance in the next normal ခေါင်းစဉ်၊ Encouraging for the achievements of SDGs ခေါင်းစဉ်၊ Leveraging by using advanced technologies for public sector auditing ခေါင်းစဉ်နှင့် Responding to disaster and pandemic issues ခေါင်းစဉ်တို့ကို အသိပညာ ဗဟုသုတများ၊ အတွေ့အကြုံများ ကို အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး တင်သွင်းခဲ့ သည့် စာတမ်းများ စုစည်းထားသော Compendium Report ကို ASOSAI Website နှင့် ASOSAI Thailand Website တို့တွင် လွှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment