Saturday, September 11, 2021

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီ ဘုရားပရဝဏ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး

 




လားရှိုး စက်တာဘာ ၁၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့သည် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်း ပြည့်မြို့ဦးစေတီတော်သို့ သွားရောက် ဖူးမြှော်ကာ အလှူငွေကျပ် (၁၀)သိန်း ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ဘုရားပရဝဏ်အတွင်း တည်ဆောက်လျက်ရှိသောအောင်ကမ္ဘာအေး ဗုဒ္ဓဗောဓိ ဥယျာဉ်တော်၊ ပြည်သူ့ရင်ပြင်နှင့် ရေပန်း ဥယျာဉ်တော်နှင့် ပန်းခင်း ဥယျာဉ် တို့အား အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ဒုတိယတိုင်းမှူးတို့က လိုက်လံပြသကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တည်ဆောက်ရေးလုပ်ငန်းများ အတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ငွေကျပ် သိန်း(၁၀၀)အားလည်းကောင်း၊ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဝင်းက ငွေကျပ်သိန်း(၂၀)အားလည်းကောင်း၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများက ငွေကျပ် သိန်း(၅၀)အားလည်းကောင်း Shinning Myanmar Co.,Ltd မိသားစုက ငွေကျပ်သိန်း(၅၀)အားလည်းကောင်း၊ ရွှေမြင်းနှစ်ကောင် ကုမ္ပဏီမိသားစုက ငွေကျပ်သိန်း(၅၀) အား လည်းကောင်း လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လက်ခံရယူပေးခဲ့ ကြောင်း သိရသည်။

 

No comments:

Post a Comment