Thursday, September 2, 2021

မိုးစပါးစိုက်ပျိုးမှု ထွန်တုံးပိတ် စိုက်ပျိုး

 


အမရပူရ စက်တင်ဘာ ၂

အမရပူရမြို့နယ် မိုးရာသီမိုးစပါးစိုက်ပျိုးမှု ထွန်တုံးပိတ်စိုက်ပျိုးခြင်းကို တမုတ်ဆိုးကျေးရွာ အဆင့်မြင့်လယ်ယာ ဒေသ ၁၅၀ မြေပြင်ကွင်းတွင် တောင်သူ ဦးအောင်မျိုးထွန်း လယ်ယာမြေတွင် ယမန်နေ့ နံနက် ၈နာရီအချိန်က အဆိုပါ ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၁ခုနှစ် မိုးစပါးလျာထားမှုအနေဖြင့် (၁၀၆၄၃)ဧက လျာထားခဲ့ပြီး မိုးရာသီအမီ စိုက်ပျိုးပြီးစီးနိုင်ရန် စက်မှုလယ်ယာစိုက်ပျိုးခြင်း၊ ပျိုးထောင်ပြီး ကောက်စိုက်စည်းအဖွဲ့လူဖြင့် စိုက်ပျိုးခြင်း၊ တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းများဖြင့် ၂၀၂၁ ခုနှစ်လျာထားဧက ပြည့်မီနိုင်ရန် ဆောင်ရွက်လျက်ရှိရာ ယနေ့ထွန်တုံးပိတ်အနေဖြင့် တောင်သူဦးအောင်မျိုးထွန်း၏ လယ်ယာမြေတွင် စိုက်ပျိုးရာ ၂၀၂၁ ခုနှစ်အနေဖြင့် လျာထားချက်(၁၀၆၄၃)ဧက ကို စိုက်ပျိုးပေးနိုင်ခဲ့ပြီဖြစ်ပြီး ယခုစိုက်ပျိုးမြေဧကများတွင် ဆည်ရေလုံလောက်မှုရှိခြင်း၊ ယခုရွာသွန်းသော မိုးရေချိန်ဒသမ ၉၈ ဖြင့် နှစ်ရက်ဆက်တိုက် ရွာသွန်းခဲ့သော်လည်း သီးနှံများ ထိခိုက်မှုမရှိနိုင်ပါကြောင်း၊ စိုက်ဧကများတွင် စပါးအထွက်တိုးရေး၊ နည်းစနစ်ကျရေးတို့ကို မြို့နယ်ဦးစီးမှူးနှင့် ကွင်းတာဝန်ခံများက စိုက်ကွင်းများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မိုးရာသီရှေ့တန်းစခန်းသုံးခုအတွင်းရှိ လျာထားဧကများကို အောင်မြင်စွာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း စိုက်ပျိုးပြီးစီးသော်လည်း အထွက်တိုးနိုင်ရန် အတွက် အနီးကပ်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တို့ကို မြို့နယ်ဦးစီးမှူးဒေါ်ငြိမ်းငြိမ်းဖြိုးထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment