Thursday, September 2, 2021

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇလွန်မြို့ကမ်းနားရပ်ကွက် ရေကင်းစခန်းအမှတ်(၃)အား ကြည့်ရှုစစ်ဆေး

 



ဇလွန် စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ဇလွန်မြို့ကမ်းနားရပ်ကွက် ရေကင်းစခန်းအမှတ်(၃)ကိုကြည့်ရူစစ်ဆေးခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ဇလွန်မြို့ ကမ်းနားရပ်ကွက်ရေကင်းစခန်းအမှတ်(၃)တွင် အရေးပေါ်ပစ္စည်းများဖြစ်သော ဝါးနက်၊ မျှော၊ ဝါးလေး၊ သဲ၊ ကျောက်များကို ရေကင်းစခန်းများတွင် စုဆောင်းထားရှိမှုတို့အား ကြည့်ရူစစ်ဆေးခဲ့ပြီး မိုးရာသီ ဧရာဝတီမြစ်ရေကြီးချိန် ရေကာတာများ ကြံ့ခိုင်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)

No comments:

Post a Comment