ရွာငံ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် Oxygen 40 liter အိုး(၅၀)လုံး လွှဲပြောင်းပေးအပ်ခြင်းနှင့် ကော်ဖီစိုက်တောင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရွာငံမြို့နယ်အထွေထွေအုပ်ချုပ်းရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အောက်ဆီဂျင်အိုးများနှင့်
စပ်ဆက်ပစ္စည်းများ လွှဲပြောင်းပေးအပ်ရခြင်းနှင့် ပက်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်
ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လွှဲပြောင်းပေးအပ်သည့် ရွာငံမြို့နယ်အတွက် Oxygen
40 liter အိုး(၅၀)လုံးနှင့် ထောက်ပံ့ငွေကျပ်သိန်း(၂၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေး
အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးမှ လည်းကောင်း၊ မြို့ကြီးတိုက်နယ်ဆေးရုံသို့ Oxygen 40
literအိုး (၃) လုံးနှင့် PPE ဝတ်စုံ(၂၅)စုံကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး
ဒေါက်တာ အေးသန္တာနိုင်မှ လည်းကောင်း Myanmar Resscue အဖွဲ့အတွက် Oxygen 15 liter(၂)အိုးနှင့်
PPE ဝတ်စုံ(၂၅)စုံတို့ကို Myanmar Resscue အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ လည်းကောင်း အသီးသီး
လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍
ကော်ဖီစိုက်တောင်သူများနှင့်တွေဆုံ၍ ကော်ဖီမျိုးကောင်း မျိုးသန့်များ ထိန်းသိမ်းထားရှိရေး၊
ကုန်ကြမ်း၊ ကုန်ချော ဆောင်ရွက်ခြင်းဆိုင်ရာများကို တက်ရောက်လာကြသော ကော်ဖီစိုက်တောင်သူများနှင့်
ရှင်းလင်းဆွေးနွေးခဲ့ရာ ရွာငံမြို့နယ် ကော်ဖီအစ အဖွဲ့ဥက္ကဋ္ဌ ဦးမောင်နုက ကော်ဖီများ
သန့်စင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ဈေးကွက်နှင့် မူပိုင်ထားရှိရေးဆိုင်ရာများကို ပြန်လည်တင်ပြ
ဆွေးနွေးခဲ့သည်။
ထို့နောက်
ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရွာငံမြို့ရွှေပန်းရုံ ဘုန်းတော်ကြီးကျောင်း
ဓမ္မာရုံအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ
လှူဒါန်းသော အလှူတော်ငွေကျပ်(၉၁)သိန်းကို သွားရောက် လှူဒါန်းရာ ဓမ္မာရုံဆောက်လုပ်ရေး
ကော်မတီဝင်တစ်ဦးမှ လက်ခံရယူခဲ့သည်။
ထိုမှဆက်လက်၍
ရွာငံမြို့ ဗထူးခန်းမ၊ မြိုင်နှင့်မြင်းကျဒိုး အ-ထ-ကကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ဆေးထိုးနှံမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း
သိရသည်။
ထွန်းထွန်းဝင်း

No comments:
Post a Comment