မကွေး စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု ကာကွယ်တားဆီးနိုင်ရေး အတွက် ယနေ့မွန်းလွဲ ၁နာရီအချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က Video Conferencing စနစ်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
လူမှုရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးစိုးပိုင်မြင့်က တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးမှုအခြေအနေများ၊ ရွေ့လျားမော်တော်ယာဉ်ဖြင့် ကျေးရွာအရောက်
RDT Test Kit စစ်ဆေး ပေးနေမှုအခြေအနေများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး
အသိပညာပေး ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး
ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည့်
အခက်အခဲများအား တင်ပြဆွေးနွေးရန် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊
တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသောင်းလှိုင်က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး
စစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ အောက်ဆီဂျင်ဖြန့်ဖြူးဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍
ရှင်းလင်းပြောကြားရာ မြို့နယ်အလိုက် ပြည်သူ့ဆေးရုံများရှိ ဆေးရုံအုပ်ကြီးများနှင့်
ကျန်းမာရေးဦးစီးဌာန တာဝန်ခံများက ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအား Quarantine ထားရှိမှုအခြေအနေများ၊
အောက်ဆီဂျင်ရရှိမှု အခြေအနေများ၊ မြို့နယ်အလိုက် RDT Test Kit ဖြင့်စစ်ဆေးပေးနေမှု
အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး
ဦးစိုးပိုင်မြင့်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Video Conferencing စနစ်ဖြင့်ပြုလုပ်သည့်
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအစည်းအဝေးအား တိုင်းဒေသကြီး
အစိုးရ အဖွဲ့ လူမှုရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီး
ဌာန၊ တိုင်းဒေသကြီး ဦးစီမှူး ဒေါက်တာသောင်းလှိုင်နှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ
ပြည်သူ့ဆေးရုံ အုပ်ကြီးများနှင့် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း
သိရသည်။
ကိုအောင်

No comments:
Post a Comment