လားရှိုး စက်တင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်မျာအား( Take away) ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းကစ၍ စစ်ဆေးလျက် ရှိသည်။
လားရှိုးမြို့အား ဇွန်လ ၂၆ရက်နေ့မှစ၍ Stay at home သတ်မှတ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ လားရှိုးမြို့ရှိ စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စားသောက်ခြင်းမပြုပဲ( Take away) ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လားရှိုမြို့နယ် စည်ပင်သာယာ ရေးဌာနဝန်ထမ်း များပူးပေါင်း၍ စစ်ဆေးလျက်ရှိကြောင်းသိရသည်။ လားရှိုးမြို့နယ်တွင် စက်တင်ဘာလ ၁ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါပိုးကူးစက်သူ(၂၆၃၃)ဦး၊ရောဂါကင်း၍ ဆေးရုံမှ ဆင်းသူ(၂၁၇၅)ဦးနှင့် ဆေးရုံတက် ရောက်ကုသူ (၃၂၂)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ မှသိရသည်။
ဥမ္မာချို




No comments:
Post a Comment