Wednesday, September 8, 2021

ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက် လျက်ရှိ

 


မေတ္တာ  စက်တင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့ ည ၈ နာရီအချိန်က ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း မှတစ်ဆင့် နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရသူများ ဖြစ်ပြီး ပြန်လည် လွတ်မြောက်လာသူဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ၇ရက်နေ့က ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန၊ ဒုတိယပြည်နယ်မှူး Mr-Sucha Sannam က ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းတွင် လာရောက်လွှဲပြောင်းပေးရာ တာဝန်ရှိသူများက ကိုဗစ်-၁၉-ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်လက်ခံခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းထံမှ သိရသည်။

အဆိုပါဝင်ရောက်လာသူများသည် အမျိုးသား ၂၁ ဦး နှင့်အမျိုးသမီး ၂၂ဦး ၊ စုစုပေါင်း၄၃ဦးတို့ဖြစ်ပြီး ရာသီဥတုအခြေအနေအရ မေတ္တာမြို့မိုးလုံလေလုံခန်းမ၌ တစ်ညအိပ်ရပ်နားစေပြီး စက်တင်ဘာလ၈ရက်နေ့တွင် ထားဝယ်မြို့ Quarantine Centre သို့ ဆက်လက်ပို့ဆောင်ပြီး အသွားအလာကန့်သတ်ထားရှိသွားမည် ဖြစ်ကြောင်းသိရသည်။

နန်းခလိုက်(မေတ္တာ)

No comments:

Post a Comment