ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၈
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ ဆွမ်း၊ကွမ်း ကိစ္စကြောင့်ကြမှု မရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များမှ လှူဒါန်းသည့် ဆွမ်း ဆန်တော်များကို ယမန်နေ့ ညနေ ၃ နာရီက ဆိပ်ကြီးခနောင်တို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအဖွဲ့အစည်းများက ရပ်ကွက် အလိုက် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉
ရောဂါ ကာကွယ်၊ ထိန်းချုပ်နေသည့် ကာလအတွင်း သာသနာ့ တာဝန်ထမ်းဆောင်လျက်ရှိ သည့် မြို့နယ်
ရပ်ကွက် ၉ ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်းမှ ဆရာတော်၊ သံဃာတော်များနှင့်
သီလရှင်များ ဆွမ်း၊ ကွမ်း ကြောင့်ကြမှု မရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
လှူဒါန်းသည့် ဆန်အိတ် (၄၇)အိတ် (၈)ပြည်နှင့် မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များက
လှူဒါန်းသည့် ဆန်အိတ်(၂၀) အိတ် စုစုပေါင်း ဆန်အိတ် (၆၇) အိတ်နှင့် (၈)ပြည်ကို သက်ဆိုင်ရာ
ကျောင်းတိုက် အသီးသီးရှိ ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဝေယံ(IPRD)

No comments:
Post a Comment