ကသာ စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် ကသာခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအဖွဲ့အစည်းများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကသာမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ယင်းတွေ့ဆုံပွဲတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊
တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်က မြန်မာနိုင်ငံအတွင်း ဖေဖော်ဝါရီလ(၁)ရက်နေ့ အာဏာမထိန်းသိမ်းမီအခြေအနေများ၊
နိုင်ငံတော် အာဏာထိန်းရသည့်အခြေအနေများနှင့် အာဏာထိန်းပြီးနောက်ပိုင်း (၆)လတာကာလ အတွင်း
ဖြစ်ပေါ်လျက်ရှိသည့် လုံခြုံရေးအခြေအနေများနှင့်
လုံခြုံရေးအဆင့်(၄)ဆင့်ခွဲခြား၍ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်း၍
အသေးစိပ်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနား တက်ရောက်လာသည့်
ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖတစ်ဦးတို့က ကသာခရိုင်အတွင်း
ဌာနဆိုင်ရာအလိုက်ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ လုံခြုံရေးလုပ်ငန်းများနှင့်
ကျန်းမာရေးလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်း လိုအပ်ချက်များ စသည့်လုပ်ငန်းအကြောင်းအရာများကို
တင်ပြကြရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်က ယင်းတင်ပြချက်များနှင့်
လိုအပ်သည်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ ထပ်ဆင့်တင်ပြပေးသွားမည်ဖြစ်ကြောင်း
ပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲအခမ်းအနားသို့ ကသာခရိုင်အတွင်းရှိ
ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊
မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်း များမှ တာဝန်ရှိသူများနှင့် စစ်မှုထမ်းဟောင်းများ
တက်ရောက်ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:
Post a Comment