ကြံခင်း စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့သို့စေတနာရှင် အလှုရှင်များ စုပေါင်းလှုဒါန်းမှုဖြင့် ကိုယ်ထူ/ကိုယ်ထတည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံအတွက် Oxygen Plant စက်သည် ယမန်နေ့ည(၆)နာရီခွဲအချိန်က ကြံခင်းမြို့ မြို့မရပ်ကွက်လမ်းမတော်လမ်းနှင့် မြို့ဦးရပ်ရှိ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရာနေရာသို့ ရောက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့များ၊ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီ အဖွဲ့ဝင်များက စောင့်ကြိုနေရာချစီစဉ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအောက်ဆီဂျင်စက်အား ကူးစက်မြန်ကိုဗစ်-၁၉ရောဂါဖြစ်ပွားချိန်တွင်
လတ်တလော အသက်ရှုရခက်ခဲသော လူနာများအတွက် အောက်ဆီဂျင်ရရှိမှုမလုံလောက်သဖြင့် ကြံခင်းမြို့နယ်
စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နေပြည်သူများ၊ ရပ်နီး၊ ရပ်ဝေးမှစေတနာရှင်အလှုရှင်များ၊
လူမှုရေး အသင်းအဖွဲ့များ စုပေါင်းလှူဒါန်းမှုဖြင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက်
အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေး ကော်မတီဖွဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြကြောင်း
သိရသည်။
အဆိုပါ Oxygen Plant စက်ကို 50 KVA
ထရန်စဖာမာနှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ KTK Electrical Enging Co,Ltd မှ ကြံခင်းမြို့
အရောက်ဝယ်ယူခဲ့ပြီး ခန့်မှန်းတန်ဘိုးသိန်း(၇၀၀)ခန့်ကျသင့်ပြီး တစ်နာရီလည်ပတ်ပါက(30mm³)ဖြင့် (၃)လုံးထွက်ရှိမှာဖြစ်ရာ
တစ်ရက်ကိုနာရီ(၂၀)လည်ပတ်ပါက Oxygen(40)L အိုးအလုံး(၆၀)ထုတ်လုပ်နိုင်မှာဖြစ်ကြောင်းနှင့်
Oxygen စက်ရုံအတွက်(Booster) စက်ပစ္စည်းများမှာ (၁၁-၉-၂၀၂၁)ရက်နေ့တွင်ပြည်ပမှလေယာဉ်ဖြင့်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမှာဖြစ်ပြီး (၁၃-၉-၂၀၂၁)ရက်နေ့တွင် လေဆိပ်မှကုမ္ပဏီပြောင်းရွေ့ထုတ်ယူပြီး
(၁၅-၉-၂၀၂၁)ရက်နေ့တွင် ကြံခင်းမြို့သို့ရောက်ရှိမှာဖြစ်ကြောင်းနှင့် (၁၅-၁၀-၂၀၂၁)ရက်နေ့တွင်
အောက်ဆီဂျင်စက်ရုံဖွင့်လှစ်လည်ပတ်နိုင်မှာဖြစ်ကြောင်း အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေး
ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:
Post a Comment