နေပြည်တော် စက်တင်ဘာ ၁၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် တာဝန်ရှိသူများနှင့်အတူ စက်တင် ဘာ (၁၁)ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အမြန်လမ်းမကြီးနှင့် တောင်ငူမြို့သို့ ချိတ်ဆက်သည့် လမ်းပိုင်း မိုင်တိုင် (၃)မိုင် (၁)ဖာလုံရှိ တောင်ငူမြို့ ရှောင်လမ်းဖောက်လုပ်မည့် လျာထားနေရာ သွားရောက်စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသည့် မန်းကျည်းပင်-ကင်းဆိပ် ကျေးရွာလမ်းပေါ်ရှိ အရှည်ပေ (၃၇၀) နောင်ရိုးတံတား သို့လည်းကောင်း၊ ရန်ကုန်-တောင်ငူ-မန္တလေး ပြည်ထောင်စုလမ်းမကြီး (တောင်ငူ-ပဲခူးအပိုင်း) B.O.T ကုမ္ပဏီများ၏ လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်း ကောင်း၊ ပဲနွယ်ကုန်းမြို့ရှောင်လမ်း ဆောင်ရွက်ထားရှိမှုနှင့် လျာထားတံတားတည် ဆောက်မည့်နေ ရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော သူဌေး ကုန်း-ကင်းရွာလမ်း အရှည် (၉)မိုင် (၅)ဖာလုံရှိသည့်အနက် (၂)မိုင် (၃)ဖာလုံအား ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြား ရေးမှူး(မြို့ပြ)ရုံးသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ရန်ကုန်-ပဲခူး-တောင်ငူ- မိတ္ထီလာ-မန္တလေး ပြည်ထောင်စုလမ်းမကြီးအပိုင်းတွင် တာဝန်ယူဆောင်ရွက်သော B.O.T ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ယခု ပြည်ထောင်စုလမ်းမကြီးအား အာဆီယံစံချိန် စံညွှန်းပြည့်မီအောင် ဆက်လက်ဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပထမအဆင့် လမ်းအင်္ဂါ ရပ်များနှင့်အညီ (၄)လမ်းသွား အဆင့်တိုးမြှင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ဆိုင်ကယ်လမ်းပါ ထည့်သွင်း စဉ်းစားပေးရမည်ဖြစ်ကြောင်း၊ လမ်းနယ်များ စနစ်တကျသတ်မှတ်ပေးပြီး လမ်းဘေးဝဲ/ယာ လမ်းနယ်နိ မိတ်အစပ်တွင် သစ်ပင်များစိုက်ပျိုးပေးရမည်ဖြစ်ကြောင်း၊ ယခုအချိန်မှစ၍ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားရန်လိုပါကြောင်း၊ B.O.T ပဋိညာဉ်စာချုပ်ပါ အချက်များကိုလည်း ခေတ်ကာလ သတ်မှတ်ချက်၊ မူဝါဒ များနှင့်အညီ ကိုက်ညီစေရန် ပြန်လည်အသစ်ချုပ်ဆိုနိုင်ရေး အမြန်ဆုံးဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်သည့်လမ်းအပိုင်းအလိုက် အရည်အသွေးပြည့်မီ ရေးအလေးထားဆောင်ရွက်စေလိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်အတူ ပဲခူးမြို့၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၉)မှ တာဝန်ယူတည် ဆောက်နေသော ကျုံးကူးတံတားသို့ ရောက်ရှိပြီး တံတားရှင်းလင်းဆောင်တွင် ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ လမ်း/ တံတား များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်-ပဲခူး-တောင်ငူ-မိတ္ထီလာ-မန္တလေး ပြည်ထောင်စု လမ်းမကြီးနှင့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတို့ကို ချိတ်ဆက် သည့် ဘုရားကြီး-ဘောနက်ကြီးလမ်းအပိုင်းတွင် (၄)လမ်းသွား ကွန်ကရစ်လမ်းချဲ့ခြင်း၊ လမ်းဘေးပလက်ဖောင်းနှင့် ရေမြောင်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကွန်ကရစ် ခင်းနေမှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းပြုပြင် ထိန်းသိမ်းထားရှိမှု၊ ကတ္တရာကွန်ကရစ်(AC) ခင်းပြီးမှုအခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ် ဆေးပြီး မိုင်တိုင်အမှတ်(၇၅/၇ နှင့် ၇၆/၀)ကြားတွင် တံတား ဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၀)မှ အရှည် ပေ (၄၅၀) ကျန်ချောင်းတံတား(အသွားလမ်း) Sub-Structure တည်ဆောက်နေမှု အခြေအ နေကိုလည်းကောင်း၊ မိုင်တိုင်အမှတ် (၁၆၅/၁ နှင့် ၁၆၅/၃)ကြား အရှည် ပေ(၈၁၀)ရှိ ဆွာချောင်း တံတား(အပြန်လမ်း) Pier Shaft နှင့် Cross Beam လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည်ရှုစစ်ဆေး ကာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်းသိရှိရသည်။
(သတင်းစဉ်)







No comments:
Post a Comment