နေပြည်တော် စက်တင်ဘာ ၁၂
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြတ်ကျော်ကာလအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ စဉ်ဆက် မပြတ်ဆောင်ရွက်နိုင်ရေးနှင့် စားနပ်ရိက္ခာထုတ်လုပ်မှုတိုးတက်ရေးအတွက် ပုဂ္ဂလိက အခန်းကဏ္ဍ၏ လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းများကို စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အားထုတ်ကြိုးပမ်းလျက်ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ (၁၁)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးရှိ ပုဂ္ဂလိက သားသတ်ရုံများ၊ စည်ပင်သာယာရေးကော်မတီပိုင် သားသတ်ရုံများနှင့် ပုဂ္ဂလိကငါးလုပ်ငန်းကုမ္ပဏီ များ၏ လုပ်ငန်းခွင်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိရစ္ဆာန်ကုန်သွယ်ခြင်း၊ အသားထုတ်လုပ် ခြင်း၊ ရောင်းချခြင်းစသည့် အသားထုတ်လုပ်မှု လုပ်ငန်းစဉ်တလျှောက်မှ စားသုံးသူလက်ဝယ်ရောက် သည်အထိ ကွင်းဆက်တစ်လျှောက်တွင် သတ်မှတ်စံချိန်စံညွှန်းများ၊ စည်းကမ်းချက်များကို အသား ကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံးတို့က တိကျစွာလိုက်နာကျင့်သုံး ရန်လိုအပ်ချက်များနှင့် စားသုံးသူဘေး ကင်းလုံခြုံရေး၊ အာဟာရပြည့်ဝဖူလုံရေးဆိုင်ရာ များဆွေး နွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment