ဆားလင်းကြီး စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေသာခန်းမတွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိုက်ပျိုးရေးဆိုင်ရာသွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာ စကား ပြောကြားကာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး
ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေး
ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်လှိုင်ဦးမှ တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ
သွင်းအားစုများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့ဝင်များက
မြေဩဇာ(၅၀)ထုပ်၊ ဝါမျိုးစေ့(၇၅)အိတ်၊ EM(၁၀၀)လီတာဘူး(၃၀)၊ ဆေးဖြန်းပုံး(၅)ပုံးတို့
ထောက်ပံ့ ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့ပြီး ဒေသခံတောင်သူများကိုယ်စား မြေဇွန်းကျေးရွာမှ
တောင်သူ ဦးဇော်မြင့်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment