ဇလွန် စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း လတ်တလောစားသောက်ရေးအဆင်ပြေစေရန်အတွက် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဇလွန်မြို့နယ်အတွင်းရှိ အိမ်ထောင်စုများအားဆန် များထောက်ပံ့ လှူဒါန်းခဲ့ကြသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ထွန်းထွန်းလင်း ၊ အဖွဲ့ဝင်( ၁ )ဗိုလ် မှူးဝင်းလွင်နှင့် တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူများအနေ ဖြင့်စီးပွားရေး ၊ ကျန်းမာရေးနှင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန်အတွက် အမှန်တစ်ကယ် စားရေးခက်ခဲသော အိမ်ထောင်စုများအား ဆန်တစ်ပြည်ဝင်အိတ်( ၂၅၀ ) ကိုလှူဒါန်းခဲ့ကြောင်းသိရ သည်။
အဆိုပါလှူဒါန်းမှုအား ဌာနဆိုင်ရာများ ၊ တပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ဝင်များ ဝိုင်းဝန်းကူညီဆောင် ရွက်ကြကြောင်း သိရသည်။
ဝေယံ
No comments:
Post a Comment