Saturday, September 11, 2021

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖျာပုံခရိုင်အတွင်း ဝါကပ် သီတင်း သုံးတော်မူသော သံဃာတော်နှင့် သီလရှင်များအား ဆွမ်းဆန်တော် နှင့် လှူဖွယ်ပစ္စည်းများလာရောက် ဆက်ကပ်လှူဒါန်း

 




ဖျာပုံ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများ လိုက်ပါ၍ ဖျာပုံမြို့နယ်အမှတ် (၃)ရပ်ကွက်ရှိရတနာ သိဒ္ဓိသာသနာ့ ဗိမ္မာန်တော်တွင် ယနေ့ နံနက်(၉)နာရီအချိန်က ရောက်ရှိပြီး ဖျာပုံခရိုင်အတွင်းရှိ ဝါကပ်သီတင်းသုံးတော်မူကြသော ဆရာတော်၊သံဃာတော်များနှင့် သီလရှင် များအား ဆွမ်း ဆန်တော်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရှေ့ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထန်းပင် ကျောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးနာယက နိုင်ငံတော်ဩဝါဒ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ဘဒ္ဒန္တ ဝေပုလ္လအရှင်သူ မြတ်ထံမှ ငါးပါးသီလခံယူဆောက် တည်တော်မူကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်ကိုနာယူကြည်ညှိ ကြသည်။

ထိုနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကဆရာတော် အရှင်သူမြတ်များ ထံသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြပြီး ထန်းပင်ကျောင်းဆရာတော် ဘဒ္ဒန္တ ဝေပုလ္လအရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာကြားကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဖျာပုံခရိုင်အတွင်းရှိ၊ ပရိယတ္တိစာသင်တိုက်များအတွက် ယနေ့လှူဒါန်းသော လှူဒါန်းပစ္စည်းများမှာဆွမ်းဆန်တော်(၂၁၇၄) အိတ်၊ ဆီ(၄၉၆၆)ပိဿာ၊ ကုလားပဲ(၇၂၄၄)ပိဿာ၊ ဆား(၆၆၂၂)ပိဿာတို့အား တိုင်းဒေသကြီးအစိုး ရအဖွဲ့နှင့် အလှူရှင်များကစုပေါင်း လှူဒါန်းခြင်းဖြစ်ပြီး၊ဖျာပုံခရိုင်အတွင်းရှိ ဝါကပ် သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင် စုစုပေါင်း(၈၅၂၀)ပါးထံ သို့ခွဲဝေ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းနိုင်

 

No comments:

Post a Comment