Thursday, September 2, 2021

ပေါင်မြို့နယ်၌ နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများအား သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်

 


ပေါင်   စက်တင်ဘာ ၂

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌  အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများအား ယနေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများမှ ဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်မှထောက်ပံ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ ဒုတိယသုံးလ ပတ်အတွက် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၆၈၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀/-နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၀၅၅၀၀၀၀/-)အား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဘိုးဘွား များအိမ်သို့ သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment