အင်္ဂပူ၊ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြိုနယ်နှင့် ညောင်ကျိုးဒေသသို ဆက်သွယ်ထားသော ကားလမ်း မကြီး၏ မိုင်တိုင်အမှတ် ၇/၃နှင့်၇/၄ကြား ကညင်တပင်ကျေးရွာရှိ ကားလမ်းမကြီးအားယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့် ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ကားလမ်းမကျိုးပေါက်ပြီး ရေများစိမ့်ဝင်မှုကြောင့် လူနေအိမ်နှစ်လုံး ဘေးလွတ်ရာသို ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ငဝန်မြစ်ရေတိုက်စားမှုဖြစ်ပွားရာသို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲဝင်များ၊ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ပြီး မြိုနယ်မီးသတ်စခန်းတာဝန်ခံ ဦးတင်မောင်ထွေးဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ် တပ်ဖွဲဝင်များ၊ ညောင်ကျိုးနယ်မြေစခန်းမှ ရဲတပ်ဖွဲဝင်များမှ မြစ်ကမ်းနှင့် နီးကပ်ပြီး ရေစိမ့်ဝင်နေသာ လူနေအိမ်၂လုံးအားဘေး လွတ်ရာသို ရွေ့ပြောင်းပေးခဲ့ကြောင်းနှင့် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌမှ လိုအပ်သည်များအားပေါင်းစပ် ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
အင်္ဂပူမြိုနယ်(ပြန်/ဆက်)


No comments:
Post a Comment