Monday, September 13, 2021

ဒေးဒရဲမြို့တွင် အများပြည်သူသုံးသောက်ရေကန် တာပေါင်ကျိုးပေါက်မှုအားပြန်လည်ပြုပြင်ဆောင်ရွက်

 



ဒေးဒရဲ စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့  အမှတ်(၁)ရပ်ကွက်ရှိ အောင်မင်္ဂလာသောက်ရေကန် တာပေါင် ကျိုးပေါက်မှုအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယမန်နေ့ နေ့လည် (၂) နာရီက  ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အဆိုပါ သောက်ရေကန်မှာ ယမန်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အလျား၈ပေ၊ အနံ ၁၀ ပေ အမြင့် ၅ ပေ ကျိုးပေါက်ပျက်စီးခဲ့ရာ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးဟန်ဝင်းစိုး ဦးဆောင်၍ သန္ဓေ တပ်ဖွဲ့ဝင် (၁၅)ဦး၊ အရန်တပ်ဖွဲ့ဝင် (၁၀)ဦးတို့က ကျိုးပေါက်ပျက်စီးသွားသော တာပေါင်အားလိုအပ် သည်များ ကိုပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်မီးသတ်တပ်ဖွဲ့အနေဖြင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များကျရောက်လာပါကအရေးပေါ် တုန့်ပြန်ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကို ဖွဲ့စည်းထားရှိပြီး ကယ်ဆယ်ရေးပစ္စည်း များနှင့်အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအင်အား(၄၅) ဦးတို့ဖြင့် ဖွဲ့စည်းထားရှိကြောင်းသိရသည်။

အေဇာလင်း 

No comments:

Post a Comment