နေပြည်တော် စက်တင်ဘာ ၁၃
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လူမှုအဖွဲ့ အစည်းများ ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် NUG ၊ CRPH နှင့် PDF အကြမ်းဖက်အဖွဲ့များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကိုပါ ပျက်ပြားစေရန် အကြမ်းဖက် တိုက်ခိုက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ
ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊
၁၉ လမ်း၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြားရှိ ကိုဗစ်-၁၉ ရောဂါနယ်ကျော် စစ်ဆေးရေးဂိတ်၌ အကြမ်းဖက်သူများက
ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော
ပူးပေါင်းအဖွဲ့က အဆိုပါ ကိုဗစ်-၁၉ ရောဂါ နယ်ကျော်စစ်ဆေးရေးဂိတ်၌ ကျန်းမာရေးစစ်ဆေးမှုများ
ဆောင်ရွက်စဉ် စစ်ဆေးရေး နေရာ၏ အနောက်ဘက် အုတ်တံတိုင်းနှင့် သစ်ပင်အနီး ကြိုတင်စီစဉ်ထားသော
ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် စေတနာ့ ဝန်ထမ်း
ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂ ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့
ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် နယ်မြေခံတပ်မတော် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။
အဆိုပါ အကြမ်းဖက်ဖြစ်စဉ်တွင်
ပါဝင်ခဲ့သည့် တရားခံများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက
ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment