အထက်မင်းလှ စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အောက်ဆီဂျင်စက်ရုံတွင် အသုံးပြုရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့်ထရန်စဖော်မာတစ်လုံးနှင့် 11ကေဗွီလိုင်း ၁၀၀ ပေအား ထောက်ပံ့ပေးခဲ့ရာ ယမန်နေ့ နံနက်ပိုင်းက မင်းလှမြို့သို့ ရောက်ရှိလာသဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံဝန်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံအဆောက်အအုံအနီးတွင် ထရန်စဖော်မာအား မြို့နယ်လျှပ်စစ်ရုံးမှ အင်ဂျင်နီယာနှင့်ဝန်ထမ်းများက တပ်ဆင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ
လူနာများမှ အောက်ဆီဂျင် ပေးရန်လိုအပ်သည့် လူနာများ အောက်ဆီဂျင် လုံလောက်မှုရှိစေရန်အတွက်
အလှူရှင်များ လှူဒါန်းမှုဖြင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်လျက်ရှိရာ အောက်ဆီဂျင်စက်ရုံတွင်
အသုံးပြုရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တန်ဘိုးငွေကျပ်၂၇၃ သိန်းတန်ဘိုးရှိ 11/0.4
ကေဗွီ 200 ကေဗွီအေ ထရန်စဖော်မာတစ်လုံးနှင့်11 ကေဗွီလိုင်း ၁၀၀ ပေ အားထောက်ပံ့ပေးခြင်းဖြစ်သည်။
အဆိုပါ ထရန်စဖော်မာတပ်ဆင်ရာတွင် မင်းလှမြို့နယ်လျှပ်စစ်ရုံးမှအင်ဂျင်နီယာနှင့်ဝန်ထမ်းများက
ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ အောက်ဆီဂျင်
စက်ရုံတည်ဆောက်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)
No comments:
Post a Comment