Friday, September 10, 2021

တမူးမြို့နယ်၌ မိုးစပါး (၄၉၄၇၂) ဧက စိုက်ပျိုး ပြီးစီး၍ လျာထား ဧကထက် ကျော်လွန် စိုက်ပျိုးနိုင်

 


တမူး စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌  ၂၀၂၁ ခုနှစ် မိုးစပါး ရာသီတွင် (၄၈၈၀၀) ဧက စိုက်ပျိုးရန် လျာထား ခဲ့ရာ (၄၉၄၇၂) ဧက စိုက်ပျိုးပြီးစီး၍  လျာထားဧကထက်(၆၇၂) ဧက ကျော်လွန် စိုက်ပျိုးနိုင်၍ (၁၀၁.၃၈) ရာခိုင်နုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း တမူးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဆန်းဦး ထံမှသိရသည်။

မိုးစပါးများ စိုက်ပျိုးခဲ့ရာတွင် အစိုးရဆည်ငယ် ကန်ငယ်နှင့်ပုဂ္ဂလိက ဆည်ငယ် ကန်ငယ် စနစ်ဖြင့်(၂၀၇၇၆) ဧက၊ ချောင်းပိတ် မြောင်းပိတ် စနစ်ဖြင့် (၁၈၁၄၈) ဧက၊ မိုးကောင်းရေသောက်စနစ်ဖြင့် (၁၀၅၄၈)ဧက စုစုပေါင်း (၄၉၄၇၂) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

မိုးစပါးများ အထွက်နုန်း တိုးတက်ရေးအတွက် တမူးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဆန်းဦးနှင့်ဝန်ထမ်းများက သက်ဆိုင်ရာ ကျေးရွာ အုပ်စုများ အလိုက် ကွင်းဆင်း၍ ပျိုးသက်နုကောက်ကွက်ကျဲ စနစ်ဖြင့် စိုက်ပျိုးစေခြင်း၊ ဘောင်စနစ်ဖြင့် စိုက်ပျိုးစေခြင်း ၊ မျိုးစေ့ချ ကရိယာဖြင့် အတန်းလိုက်စိုက်ပျိုးခြင်း ၊သဘာဝမြေသြဇာစနစ်တကျ အချိုးကျစွာ အသုံးပြုစေရေး သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲရေးတို့ကို တောင်သူများ သိရှိပြီး လက်တွေ့အသုံးချနိုင်ရေးတို့ကို ကွင်းဆင်း ပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဖိုးကျော်

No comments:

Post a Comment