Friday, September 10, 2021

ရသေ့တောင်မြို့နယ်၌ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့် အသက်(၄၅)နှစ် နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Sin0vac)အား ပထမအကြိမ်စတင်ထိုးနှံပေး

 


ရသေ့တောင်    စက်တင်ဘာ    

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် နေရပ်စွန့်ခွာခိုလှုံ နေကြသည့် အသက်(၄၅)နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး(Sin0vac) ပထမအကြိမ်ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်များတွင်  ယနေ့နံနက် ၉ နာရီမှညနေ ၄ နာရီထိ စတင်ထိုးနှံ ပေးလျက်သည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်မှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် စည်းကမ်းချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာ နေထိုင်စေခြင်း၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်စေခြင်း၊ ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန် တိုင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်း၊ အချက်အလက်များမှန်ကန်စွာရှိစေရေး စာရင်းရေးသွင်းခြင်း စသည့် လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးပြီး မိနစ်(၃၀)ခန့် နားနေပြီးမှ ပြန်လည်ထွက်ခွာ ခွင့်ပြု ကြောင်း သိရသည်။

အဆိုပါ ကာကွယ်‌ဆေးထိုးနှံပေးခြင်းအား ရသေ့တောင်မြို့နယ်အတွင်း သတ်မှတ်စုရပ်(၅)ခု၊ ဆေးထိုး နေရာ(၆) နေရာရှိသည့်အနက် အရှေ့မြောက်ရပ်ကွက်စုရပ်ရှိ  တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများ ဖြစ်သည့် သာသနာ့ဗိမာန်၊ ပဋိပတ္တိစည်ပင်ကျောင်း၊ ရွှေကျင်ကျောင်း၊ သီရိသောမာရုံကျောင်း၊ ရွှေပါရမီ ကျောင်း၊ ဓညဝတီကျောင်း၊ တေဇာရာမကျောင်း၊ ပညာပါရမီကျောင်း၊ ပြည်လုံးချမ်းသာကျောင်းနှင့် ရပ်ကွက်အတွင်း နေရပ်စွန့်ခွာခိုလှုံနေကြသည့် အသက်(၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူ(203)ဦး၊ အနောက်ပြင်(မူဆလင်) ကျေးရွာနှင့်ညောင်ပင်ကြီး(မူဆလင်)ကျေးရွာရှိ အသက်(၄၅)နှစ်နှင့် အထက်ရှိသူ (၂၁၄)ဦး စုစုပေါင်း (၄၁၇)ဦးတို့အား ပထမနေ့အဖြစ် စတင်ထိုးနှံပေးခဲ့ပြီး ကျန်စုရပ်များတွင် စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်စံထွန်း(ပြန်/ဆက်)

No comments:

Post a Comment