ပုသိမ် သြဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ Volunteers များအား ဂုဏ်ပြုထောက်ပံ့ခြင်း အခမ်းအနား ကို ယနေ့ နံနက်(၉)နာရီအချိန်က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင်(၃၆)ဦးမှ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများအတွက် ငွေကျပ်(၇၇,၆၅၅,၀၀ဝိ/-) တန်ဖိုးရှိ အလှူငွေနှင့် ရောဂါကာကွယ်ကုသရေး သုံးပစ္စည်းများ ပေးအပ်လှူဒါန်းမှုကို လက်ခံရယူကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံများအတွက် ထောက်ပံ့ငွေကျပ်(၁၀၂၅)သိန်းအား ပေးအပ်ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်း ကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ Quarantine Center၊ ကုသရေးစင်တာ၊ ကုသရေးဆေးရုံ များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအား စားစရိတ်နှင့် စက်သုံးဆီအတွက် ထောက်ပံ့ငွေကျပ် (၂၁၅၅)သိန်းကို ပေးအပ်ရာ စေတနာ့ဝန်ထမ်းများကိုယ်စား ဦးဝေယံ ကလည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်က တိုင်းဒေသကြီး အတွင်းရှိ Quarantine Center၊ ကုသရေး စင်တာ၊ ကုသရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအတွက် ငွေကျပ် (၂၁၇၀)သိန်းတန်ဖိုးရှိ ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ စေတနာ့ဝန်ထမ်းများ ကိုယ်စား ဦးချစ်ကိုကိုဝင်းက လက်ခံရယူသည်။ ထို့နောက် Quarantine Center ၊ ကုသရေးစင်တာ၊ ကုသရေး ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများကိုယ်စား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့ (၁၅)မှ တာဝန်ယူတည်ဆောက်နေသည့် ပုသိမ်ပြည်သူ့ဆေးရုံကြီး (၉)ထပ်တိုးချဲ့ဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းကို သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်တွင် အဆောက်အဦအထူး အဖွဲ့(၁၅)မှ လက်ထောက် ညွန်ကြားရေးမှူး ဦးသိန်းစိုးက စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ဘဏ္ဍာရေးနှစ်အလိုက် ရရှိရန်ပုံငွေဖြင့် တည်ဆောက်နေမှုအခြေအနေများ၊ တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ၁၀၀% ပြီးစီးရန် လျာထားရန်ပုံငွေ များအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ အဆောက်အဦတည်ဆောက်ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကိုတွတ်

No comments:
Post a Comment