Saturday, August 21, 2021

ကိုကိုးကျွန်းမြို့နယ် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် စားသောက်ကုန်များသယ်ယူပို့ဆောင်သည့် တပ်မတော်လေယာဉ် ရောက်ရှိ၊ ထွက်ခွာ

 

ကိုကိုးကျွန်း         ဩဂုတ်   ၂၁
 




ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ၊ ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများ ဆေးထိုးနှံနိုင်ရန်အတွက်  ကိုဗစ်ကာကွယ် ဆေးအလုံး ၁၃၀နှင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ စားသောက်မှုအဆင်ပြေစေရန် ကုန်တန်ချိန်၄၅၀၀ကီလိုဂရမ်တင်ဆောင်‌သော တပ်မတော်လေယာဉ်သည် ယမန်နေ့နံနက် ၈နာရီ ၁၅မိနစ်တွင် မင်္ဂလာဒုံလေဆိပ်မှကိုကိုးကျွန်းမြို့နယ်လေဆိပ်သို့ ၉နာရီ၂၅မိနစ်တွင် ရောက်ရှိခဲ့ကြောင်း  သိရသည်။

ထို့နောက် တပ်မ‌တော်လေယာဉ်သည် ကိုကိုးကျွန်းလေဆိပ်မှခရီးသည် ၅ ဦးနှင့်ကုန်တန်ချိန် ၅၀၀ ကီလိုဂရမ်တင်ဆောင်၍ နံနက်၁၀နာရီ ၂၈မိနစ်တွင် ရန်ကုန်မင်္ဂလာဒုံလေဆိပ် သို့ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။                                                

 အဆိုပါ လေယဉ်ခရီးစဉ်ပြေးဆွဲနေခြင်းမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချူပ် ကိုကိုးကျွန်းမြို့နယ်သို့ရောက်ရှိစဉ်က ဒေသခံပြည်သူများနှင့်တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာများ သွားလာရေးအဆင်ပြေစေရန် အခမဲ့ပြေးဆွဲပေးရန် လမ်းညွန်မှာကြားခဲ့ ကြောင်းနှင့် တစ်လလျှင် ၂ခေါက်နှုန်း ပုံမှန်ပြေးဆွဲလျှက်ရှိကြောင်း သိရသည်။

 

No comments:

Post a Comment