ထားဝယ် သြဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ ထားဝယ်မြို့ရှိ ပိုးတွေ့လူနာစောင့်ကြည့်ရေး စင်တာများ တွင် တာဝန်ထမ်းဆောင်ကြမည့် ပရဟိတအဖွဲ့အစည်းများနှင့် Quarantine Center များတွင် တာဝန်ထမ်း ဆောင်နေသော လူငယ် Volunteer များအတွက် တတိယအကြိမ် သင်တန်းကို ယနေ့နံနက် ၉ နာရီ ကထားဝယ်မြို့၊ မြို့တော်ခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ပရဟိတအအဖွဲ့အစည်းများနှင့် Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော Volunteer များအား သင်တန်းပေးခြင်းသည် ယခုအကြိမ် အပါအဝင် (တတိယ) အကြိမ် ရှိပြီးဖြစ်၍ ထပ်မံပြီး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု များအတွက် ဆေးရုံကြီးနှင့် အောက်ဆီဂျင်စက်ရုံများတွင် အောက်ဆီဂျင်အရည်အခမဲ့ ဖြည့်ဆည်းပေးနေပြီး ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းစဉ်အကြောင်းအရာများ ပါဝင်သည့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးထားပြီးဖြစ်၍ လိုက်နာပေး ကြရန်လိုအပ်ကြောင်း၊ သင်တန်းတွင်တာဝန်ရှိသူများက ပို့ချပေးသော ဘာသာရပ်များကို စိတ်ပါဝင်စားစွာ နားထောင်ပြီး စနစ်တကျကျင့်သုံးရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ် ကြောင်း ပြောကြားသည်။
သင်တန်းတွင် တာဝန်ရှိသူများက လူမှုရေးအဖွဲ့အစည်း လူငယ် Volunteer (၃၀) ဦးအား ကျန်းမာရေးဆိုင်ရာ အထောက် အကူပြု ဘာသာရပ်၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ Psycho Social Support နှင့် Counselling ဘာသာရပ်များ၊ မြေပြင်တွင် လက်တွေ့ဆောင်ရွက်ချက်များကို နံနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ သင်ကြား ပို့ချပေးမှာဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်(ထားဝယ်)
No comments:
Post a Comment