ဘိုကလေး ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဦးလှသိန်းလမ်းရှိ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံ၏ ကွက်လပ်မြေကွက်တွင် ဩဂုတ်(၈)ရက်နေ့မှ စတင်၍ မြို့နယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိရာ အဆိုပါ တည်ဆောက်ခြင်း လုပ်ငန်းပြီးဆီးပါက (၂၄)နာရီလျှင် အောက်ဆီဂျင် (၄၀)လီတာအိုး အလုံး(၁၀၀) ထုတ်လုပ်နိုင်မည်ဖြစ်သည်။
အဆိုပါ
အောက်ဆီဂျင်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းအား ဆန်စက်အလှူရှင်များအသင်းနှင့် မတည်အလှူရှင်များ၊
စေတနာရှင် မိဘပြည်သူများ၏ ပါဝင်လှူဒါန်းမှုဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး လိုအပ်သည့်မြေနေရာအတွက်
ဘိုကလေးမြို့နယ်ရှိ အောင်ရတနာသန်းဆန်စက်မှ ပေ(၈၀)ပတ်လည်လှူဒါန်းခဲ့သည်။
၎င်းစက်ရုံတွင်
ထားရှိထုတ်လုပ်မည့် အောက်ဆီဂျင်စက်ကို တရုတ်နိုင်ငံမှ ဝယ်ယူမည်ဖြစ်ပြီး စက်တန်ဖိုးမှာ
အမေရိကန်ဒေါ်လာ (၅၅၇၀၀) ကျသင့်မည်ဖြစ်ကြောင်း၊ စက်အမျိုးအစားမှာ 50Nm3/H
Oxygen ဖြစ်ကြောင်းနှင့် ဘိုကလေးမြို့သို့
စက်ရောက်ရှိလာပါက (၁၅)ရက်အတွင်း တပ်ဆင်ပြီးစီးမှာ ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မိုးစက်

No comments:
Post a Comment