မိုင်းငေါ့ ဩဂုတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယမန်နေ့က စတင်၍ Quarantine Centre ကိုဖွင့်လှစ်ထားရှိ ပါသည်။
အဆိုပါ
Quarantine Centre တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူ များနှင့် ထိတွေ့ဆက်စပ်သူများ ၊
Stay at Home သတ်မှတ်ထားသော မြို့နယ်များမှ
ပြန်လာသူ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏
ကြီးကြပ်မှုဖြင့် မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း Quarantine Centre တွင် (၁၄) ရက် ထားရှိသွားမည်
ဖြစ်ပါသည်။
မိုင်းငေါ့
မြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလတစ်လျှောက် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ လူနာ အမျိုးသား(၇)ဦး၊
အမျိုးသမီး(၂)ဦး စုစုပေါင်း(၉)ဦး ရှိခဲ့ရာအမျိုးသား(၅)ဦး၊အမျိုးသမီး (၂)ဦးတို့မှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသောကြောင့်
ယခုအခါ မိုင်းငေါ့ မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ အမျိုးသား(၂)ဦးသာ ကျန်ရှိတော့ကြောင်း
ကျန်းမာရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။
မြင့်သွယ်(မိုင်းငေါ့
ပြန်/ဆက်)
No comments:
Post a Comment