မြောင်းမြ သြဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အဝေးပြေးကားဝန်းနောက်၌ တည်ဆောက် လျက်ရှိသော အောက်ဆီဂျင်စက်ရုံတွင် တပ်ဆင်အသုံးပြုရန် တရုတ်နိုင်ငံမှမှာယူသည့် (Minnuo 30Nm³/h) အမျိုးအစား အောက်ဆီဂျင်စက်ရောက်ရှိမှု အခြေအနေအား ယနေ့နံနက် (၁၀)နာရီအချိန် တွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းဌေးနှင့်အဖွဲ့က သွားရောက်စစ်ဆေးကြည့်ရှုခဲ့ ကြောင်းသိရ သည်။
အဆိုပါအောက်ဆီဂျင်စက်ရုံတွင် (Minnuo 30Nm³/h) နှင့် ( Suzhou Nate Cloud 50Nm³/h) အမျိုးအစား အောက်ဆီဂျင်စက်နှစ်လုံးထားရှိပေးမှာဖြစ်ပြီး ဒုတိယစက်တစ်လုံးသည်သြဂုတ်လကုန် တွင်ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း၊ ၄င်းစက်နှစ်လုံးဖြင့် စွမ်းအားပြည့် လည်ပတ်ရပါကလစဉ် မီတာခ သိန်း(၅၀)ခန့်နှင့် ဝန်ထမ်း(၉)ဦးအတွက် လစာ(၁၈)သိန်း၊ စုစုပေါင်း(၇၀)နီးပါးကုန်ကျမည် ဖြစ် ကြောင်း၊ပြည်သူ့ဆေးရုံအတွက်လိုအပ်သော အောက်ဆီဂျင်ကိုအခမဲ့ပေးရန် စီစဉ်ထားပြီးလူမှုရေး အသင်းအဖွဲ့များကိုမူ မျှတသော စျေးနှုန်းသတ်မှတ်၍ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း၊အောက်ဆီဂျင် စက်ရုံလည်ပတနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပထမဦးစွာ စက်ရုံအတွက်ဝယ်ယူ ထားသော(၄၇)လီတာအိုးများကို စတင်အသုံးပြုမှာဖြစ်ပြီး အသင်းအဖွဲ့ပိုင်(၄၀)လီတာအိုးများကို ဆက်လက်ဖြည့်တင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ဘေးကင်းစေရေးအတွက်(၄၀)လီတာထက် သေးသောအိုးများကိုလည်းကောင်း၊ (၄၀) လီတာရှိသော်လည်း ပုဂ္ဂလိကတစ်ဦးချင်းဆီ၏ အိုးများကို လည်းကောင်းစက်ရုံမှတိုက်ရိုက်ဖြည့်ပေးမည်မဟုတ်ကြောင်း၊ စွမ်းအားတောရကျောင်းတိုက်၊ ချမ်းမြေ့ ကျောင်းတိုက်နှင့် မြတ်ပါရမီ လူမှုကူညီရေးအသင်း (ကွယ်လွယ်)စသည့်နေရာများ၌ (၁၀)လီတာအိုးမှ (၄၀)လီတာအိုးအထိ ဖြည့်တင်းပေးနိုင်ရေးစီစဉ် ဆောင်ရွက်ထားရှိကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးအေးသိန်း၏ ပြောကြားချက်အရ သိရသည်။
မြောင်းမြမြို့နယ် အောက်ဆီဂျင်စက်ရုံကို (၁၉−၇−၂၀၂၁) ရက်နေ့က စတင်တည်ဆောက်ခြင်း
ဖြစ်ပြီး ယနေ့ထိ (၇၅%) ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
စန္ဒာကြည်(ပြန်/ဆက်)

No comments:
Post a Comment