ဂန့်ဂေါ ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသူရသွင်ကိုကိုသည် ယမန်နေ့ညနေပိုင်းက ဂန့်ဂေါခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ ဂန့်ဂေါခရိုင်နှင့် ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များတို့နှင့် တွေ့ဆုံကာ လုပ်ငန်းဆိုင်ရာများမှာကြားညှိနှိုင်း ဆွေးနွေးသည်။
ထိုသို့တွေ့ဆုံညှိနှိုင်းဆွေးနွေးရာတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကိုက အဖွင့်အမှာစကားပြောကြားပြီး ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ခရိုင်အတွင်းရှိမြို့နယ်များ၏ ကိုဗစ်-၁၉ တတိယလှိုင်းကာလတွင် ရောဂါပိုးတွေ့ရှိမှု အခြေအနေ၊ ခရိုင်အတွင်းရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်နှင့် လုံခြုံရေးဂိတ်များဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေ၊ Quarantine Centre များပြင်ဆင်ထားရှိမှု အခြေအနေ၊ Positive Centre များ ပြင်ဆင်ထားရှိမှု အခြေအနေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကြေးထောက်ပံ့မှုအခြေအနေ၊ ဂန့်ဂေါမြို့နှင့် ကျောက်ထုမြို့တို့ရှိ အောက်ဆီဂျင် စက်ရုံတည်ဆောက်နေမှု အခြေအနေနှင့် တည်ဆောက်ပြီးစီးပါက အောက်ဆီဂျင်ထုတ်ယူရရှိနိုင်မှု အခြေအနေ များ၊ ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်မှုအခြေအနေ၊ မြို့နယ်များ အလိုက် လူမှုရေးအသင်းအဖွဲ့နှင့် Volunteer များမှ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေမှု အခြေအနေများ နှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်မှုအခြေအနေများတို့ကို တင်ပြသည်။
ဆက်လက်၍ ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသန်းဝင်းက ဂန့်ဂေါမြို့နယ်အတွင်းရှိ ပရဟိတအသင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ နှင့် မြို့နယ်အတွင်းရှိ ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံ နိုင်ရေးတို့ကို တင်ပြသည်။
ထို့နောက် အဆိုပါတင်ပြချက်များအပေါ် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသွားကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)

No comments:
Post a Comment