ရိခေါ်ဒါရ် သြဂုတ် ၂၈
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေး လိုင်စင်များအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် Mini Budget လုပ်ငန်းလိုင်စင် လေးမျိုးအနက် ကျန်းရှိသည့် လုပ်ငန်း လိုင်စင်နှစ်မျိုးအား စက်တင်ဘာ ၁ ရက်၌ ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ဒုတိယအကြိမ် လေလံရောင်းချ မည်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်ရန် ကြော်ငြာထားကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် Mini Budget (၁.၁၀.၂၀၂၁ မှ ၃၁.၃.၂၀၂၂ အထိ) နှစ်ဝက်ကာလ အပိုင်းအခြားအတွက် ကျန်ရှိသည့် လုပ်ငန်း လိုင်စင် နှစ်မျိုးဖြစ်သည့် မြို့ဝင်ဘီးကောက်လိုင်စင်နှင့် ဈေးကောက် လိုင်စင်တို့အား လေလံဆွဲ ဝယ်ယူလိုသူများအတွက် သြဂုတ် ၃၁ ရက်နေ့အထိ လျှောက်ထားခြင်းကို လက်ခံပေး သွားမည်ဖြစ်ပြီး လာမည့် စက်တင်ဘာလ ၁ ရက်တွင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ လေလံရောင်းချ မည်ဖြစ်ကြောင်း၊ မြို့ဝင်ဘီးကောက်လိုင်စင်ကို ကြမ်းခင်းဈေး ကျပ် ၆၀၀၆၂၅၀/-ဖြင့် စားပွဲတင် အာမခံကြေး ကျပ် ၃၀၀၃၁၂၅/-ဖြင့်လည်းကောင်း၊ ဈေးကောက်လိုင်စင်ကို ကြမ်းခင်းဈေး ကျပ် ၁၃၀၀၀၀/-ဖြင့် စားပွဲတင်အာမခံကြေး ကျပ် ၆၅၀၀၀/-ဖြင့် လည်းကောင်း အသီးသီး လေလံရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်လေးမျိုးအနက် အမဲသားသတ်လိုင်စင်နှင့် ဝက်သား သတ်လိုင်စင်နှစ်မျိုးတို့ကို သြဂုတ်လ ၂၇ ရက်နေ့၌ ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လေလံတင် ရောင်းချခဲ့ပြီး ကျန်ရှိသည့် မြို့ဝင်ဘီးကောက်လိုင်စင်နှင့် ဈေးကောက်လိုင်စင်တို့အတွက် လေလံဆွဲ ဝယ်ယူခြင်း ဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များ၊ လေလံဆွဲဝယ်ယူရန်အတွက် ပူးတွဲတင်ပြရမည့် အချက်များ၊ လေလံရောင်းချ မည့်နေ့ရက်များ စသည့်အများပြည်သူသို့ လေလံကြော်ငြာစာများကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်စာစောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များနှင့် အများပြည်သူ မြင်သာနိုင်သည့် မြို့တွင်းနေရာများ၌ ကြော်ငြာစာများ ကပ်ထားကြောင်း သိရသည်။
သောမတ်
No comments:
Post a Comment