Saturday, August 28, 2021

ဟိုပန်မြို့တွင် အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေး


 
ဟိုပန်    ဩဂုတ်   ၂၈

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများအား ဦးစားပေး၍ ကိုဗစ်-၁၉ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီမှ စ၍ “ဝ”နှစ်ခြင်း ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ ဌဦးရဲဝင်းထိုက်မှ အနီးကပ်ကြီးကြပ်၍ ဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် တပ်မတော်ဆေး ဝန်ထမ်းများမှ အသက်(၆၅)နှစ်အထက်နှင့် အုပ်စုအမျိုးအစားအလိုက်ကို ကာကွယ် ဆေးထိုးနှံပေးခဲ့သည်။ 
 
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ် နှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လာရောက်ကြည့်ရှုပြီး ကာကွယ် ဆေးထိုး သူများကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment