နေပြည်တော် ဩဂုတ် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပြည်သူများ၊ Super Market ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းကို ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ မြို့နယ်ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင်
မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းပြည်သိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများက
ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့်
လာရောက်စစ်ဆေးသူ စုစုပေါင်း(၅၂)ဦးအား နှာခေါင်းတို့ပတ် နမူနာယူစစ်ဆေးခြင်းများ
ဆောင်ရွက်ခဲ့ပြီး စစ်ဆေးပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ
ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါပိုး
ရှိ/ မရှိကို ယနေ့တွင် မြို့နယ်ခုတင်(၅၀)ဆံ ဆေးရုံ၌ စစ်ဆေးပေးခဲ့ပြီး
ကျန်ရက်များတွင် တောင်ညိုတိုက်နယ်ဆေးရုံနှင့် ငန်းစပ်ကျေးလက်ကျန်းမာရေးဌာန(ခွဲ)များ၌
RDT
Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးမည်ဖြစ်သဖြင့်
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လာရောက် စစ်ဆေးနိုင်ကြောင်း မြို့နယ်ကိုဗစ်-၁၉
အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။

No comments:
Post a Comment