Wednesday, August 18, 2021

ဟိုပုံးမြို့၌ ငါးသားပေါက်ကောင်ရေ (၅၀၀၀၀)ကောင် စိုက်ထည့်ခြင်း အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်

 



ဟိုပုံး ဩဂုတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ  ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံစေရန်၊ ငါးသယံဇာတများ တိုးပွားလာစေရန်နှင့် ကျေးလက်နေပြည်သူများ ငါးများကို ပိုမိုဖမ်းယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၁၁နာရီအချိန်က ဟိုပုံးမြို့မရေလွှဲဆည်နှင့် နောင်ဘိုကန်တို့တွင် စိုက်ထည့်ခဲ့ကြသည်။

           

အဆိုပါလွှတ်ပွဲအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ငါးခုံးမသားပေါက်ကောင်ရေ(၂၅၀၀၀)ကောင်နှင့် ငါးမျှစ်ချင်းသား ပေါက် ကောင်ရေ(၂၅၀၀၀)ကောင် စုစုပေါင်းငါးသားပေါက်ကောင်ရေ(၅၀၀၀၀)ကောင်တို့ကို စိုက် ထည့်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment