Wednesday, August 18, 2021

ပခုက္ကူမြို့ အာယုသုခဆရာတော်မှ ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့်ကျေးရွာများသို့ရေလှူဒါန်း

May be an image of horse and outdoors

 


ညောင်ဦး ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အာယုသုခဆရာတော် ဦးပညာဇောတမှ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ ယနေ့နံနက်၉နာရီ အချိန်မှစတင်၍ သောက်သုံးရေ လှူဒါန်းခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် သောက်သုံးရေ ရှားပါးသည့်ကျေးရွာများဖြစ်သော ဝက်သဲကျင်းတဲတိုက်၊ နန်းတော်ရာတဲတိုက်သို့ သောက်သုံးရေ ၂၄၀၀ဂါလံ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာ ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းကပြောကြားသည်။
ညောင်ဦးမြို့နယ်တွင် သောက်သုံးရေ ရှားပါးသည့်ကျေးရွာ/တဲတိုက် ၈၀ကျော်ရှိပြီး အချို့ကျေးရွာများစက်ရေတွင်း/အဝီစိတွင်း များရှိသော်လည်း ထုံးဓာတ်ပါဝင်မှုများခြင်းကြောင့် သောက်သုံး၍မရခြင်း ၊ထမင်းဟင်း ချက်သော်လည်း ပျက်စီးလွယ်ခြင်းများကြောင့် မြေသားရေလှောင်ကန်များမှ ရေကိုမှီခိုအားထား နေရကြောင်း၊ မြေသားရေလှောင်ကန်များမှရေကုန်လျှင် အလှူရှင်များ လှူဒါန်းသည့် ရေကိုသာ အသုံးပြုကြကြောင်း သိရသည်။
ပခုက္ကူမြို့ အာယုသုခဆရာတော်သည် ပခုက္ကမြို့အတွက် အောက်ဆီဂျင်အခမဲ့ဖြန့်ဖြူး ပေးနေသည့်ဆရာတော်ဖြစ်ကာ တပည့်သာဝကများဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို အားတက်သရောပြုလုပ်နေသည့် ဆရာတော်ဖြစ်ကြောင်းလည်း သိရသည်။
ကိုထိန်၊KPD

No comments:

Post a Comment