Wednesday, August 18, 2021

မြို့သစ်မြို့နယ် ဆဒ္ဒန်ရေလှောင်တမံမှ ရေကျော်ကျမှု (၁ ဒသမ ၃ပေခန့်) လျော့နည်းကျဆင်းလာ

 



မြို့သစ် သြဂုတ် ၁၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးရေးတွင် အဓိကအားထား အသုံးပြုနေရသည့် ဆဒ္ဒန်ဆည်၊ စွန်ဆည်၊ ပုလင်းဆည်၊ ဘုတ်ချောင်းဆည်များအနက် ဆဒ္ဒန်ဆည် တမံသည် ဇူလိုင်လကုန်ပိုင်းမှစတင်၍ ဆည်၏အထက်ပိုင်း၌ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေပိုလွှဲမှရေကျော်ကျမှုများရှိခဲ့ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က သိရသည်။

အဆိုပါ ဆဒ္ဒန်ဆည်တမံ၏ရေပြည့်အမှတ်သည်  (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး  သြဂုတ်လ ၁ရက်မှ စတင်၍ ရေပိုလွှဲမှရေကျော်ကျခဲ့ရာ ယခုရက်ပိုင်းအတွင်း ပေ (၅၈၀)  တစ်ပေခွဲခန့်အထိမြင့်တက် ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရေပိုလွှဲမှရေကျော်ကျမှုသည်   (သုည ဒသမ နှစ်ပေခန့်)သာရှိခဲ့ရာ ၁ ဒသမ ၃ပေခန့်)ရေကျော်ကျမှု လျော့နည်းကျဆင်းလာပြီဖြစ်ကြောင်း သိရှိရသည်။

ဆည်တမံ၏ရေထုတ်ပြွန်၊ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အဦများ  ကြံ့ခိုင်ကောင်းမွန်၍  (၂၄)နာရီ ရေကင်းတာဝန်ချထားကာလက်ရှိခြေအနေတွင်  အရေးပေါ်အခြေအနေအဆင့် (၁)အဖြစ် အသိပေး နှိုးဆော်ထားပြီး   ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အရေးပေါ်အခြေအနေများ အသိပေးနှိုးဆော်သွားမည်ဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံကသိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)


No comments:

Post a Comment