နေပြည်တော်၊ ဩဂုတ် ၁၁
ဖြစ်စဉ်မှာ ဩဂုတ် ၁၀ ရက် ညနေ ၃ နာရီ
၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၄၄)လမ်း၊
တိုက်အမှတ်(၁၆)၊ (၄)လွှာ၌ ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ရပ်များတွင် အသုံးပြုရန်အတွက် ပစ္စည်းများ
သိုဝှက်သိမ်းဆည်းထားရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က
သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ တိုက်ခန်းအတွင်းမှ သီဟကောင်းဆက်(၂၀)နှစ်ပါ အမျိုးသား ၂
ဦးနှင့် အမျိုးသမီး ၁ ဦး တို့အား အကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုမည့်ပစ္စည်းများဖြစ်သော
လက်လုပ်ဗုံးမျိုးစုံ ၁၆ လုံး၊ ယမ်းပျော့ ၂ ချောင်း၊ ၁ ထုပ်လျှင် ဗျောက်အိုး ၅၀ ပါ အထုပ်
၂ ထုပ် အပါအဝင် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက
ဝင်ရောက်ရှာဖွေစဉ် အခန်းအတွင်းရှိ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏
ဖမ်းဆီးစစ်ဆေးခြင်းကို ခံယူခြင်းမရှိဘဲ အဆိုပါ တိုက်ခန်း ၃ လွှာ အနောက်ဘက်ရှိ ပြတင်းပေါက်မှ
ခုန်ချခဲ့သဖြင့် တိုက်ခန်း အောက်ခြေရှိ ကွန်ကရစ်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျခဲ့၍ အမျိုးသား
၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကာ အမျိုးသား ၃ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့်
လိုအပ်သော ဆေးဝါး ကုသမှုခံယူနိုင်ရေး အတွက် တပ်မတော်ဆေးရုံ(ကုတင်-၁၀၀၀)သို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ဖြစ်စဉ်တွင် လူသေဆုံးမှုများနှင့်ပတ်သက်၍
ရဲလုပ်ငန်းစဉ်များနှင့်အညီ သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိထားသူ
တရားခံများနှင့် ဆက်စပ်တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လိုအပ်သော စုံစမ်းစစ်ဆေးမှုများဆက်လက်ဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment