ရွာငံ ဩဂုတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင်အောက်ဆီဂျင်စက်ရုံကို ရွာငံမြို့နယ်သံဃာနာယကအဖွဲ့မှ ဆရာတော်ကြီးများနှင့် အနန္တဇိနမျက်စိဆေးရုံမှ ဆရာတော်၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ကော်မတီများ၊ စေတနာရှင်၊ အလှူရှင်များ ပူးပေါင်း၍ အနန္တဇိနဘုရားကုန်းတော်ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။
အဆိုပါအောက်ဆီဂျင်စက်ရုံအမျိုးအစားမှာ
CAP-O-15 ဖြစ်ပြီး ၂၄နာရီ(တစ်ရက်)အတွင်း 40L Oxygen Cylinder အရေအတွက် အလုံး(၆၀)မှ
(၉၀)လုံးထိဖြည့်သွင်းနိုင်မည်ဖြစ်ပါသောကြောင့် အောက်ဆီဂျင် လိုအပ်ချက်ကို အပြည့်အဝအသုံးပြုနိုင်မှာလည်းဖြစ်ပါသဖြင့်
အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရန်အတွက် အလှူငွေအနည်းအများမဆို
ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် အလှူငွေများ လှူဒါန်းလိုပါကလည်း ဦးဇော်ဦး-၀၉၄၂၈၃၆၉၀၆၁၊
ဦးသက်ဇင်ငြိမ်း(ခ)ကိုပြူး-၀၉၅၂၈၀၉၄၇၊ ဦးကိုကို(ရွာမ)-၀၉၄၂၉၃၅၉၆၅၅၊ ဦးမောင်စိုး(ရွာမ)
-၀၉၄၂၈၃၆၉၃၈၅၊ ဒေါ်စုစုအောင်-၀၉၄၂၈၃၆၉၀၆၂နှင့် ဦးစည်သူ(ဒုမြို့နယ်အုပ်ချုပ်ရေးမှူး)
-၀၉၂၅၉၂၁၆၅၆၉ တို့တွင် ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း သိရသည်။
ပြည့်ဖြိုးသန့်
No comments:
Post a Comment