မာန်အောင် သြဂုတ် ၁၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီမှ အလှူရှင်များ၏အလှူငွေဖြင့် တည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံတွင် လိုအပ်လာမည့် ၄၀လီတာဝင်အောက်စီဂျင်အိုးသစ်(၅၀)လုံး (တန်ဖိုးငွေကျပ်၁၂၅သိန်း)ကို မာန်အောင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ စေတနာရှင်လူမှုကူညီရေအသင်း(နာရေး) မာန်အောင်မြို့မှတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်ကာ ၎င်းအောက်ဆီဂျင်အိုးအလုံး၅၀ သည် တောင်ကုတ်မြို့သို့ရောက်ရှိနေပြီးစေတနာရှင် လူမှုကူညီရေးအသင်း(နာရေး) မာန်အောင်ကိုယ်စားလှယ်များက ယခုလ ၁၀ ရက်နေ့တွင် လွှဲပြောင်းလက်ခံရယူထားပြီး အောက်ဆီဂျင်ဖြည့်ဆည်းကာ မာန်အောင်မြို့နယ်သို့ ရောက်ရှိလာမည်ဟု သိရသည်။
မာန်အောင်မြို့နယ်တွင်
တည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံသည် တည်ဆောက်ပြီးစီး လည်ပတ်ပါက နေ့စဥ်အောက်ဆီဂျင်
၄၀ လီတာအိုး အလုံး ၄၀ ဖြည့်ဆည်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
No comments:
Post a Comment