နေပြည်တော် ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို ပူးပေါင်းပါဝင် ဖော်ထုတ်ဖမ်းဆီးရာ၌ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဩဂုတ် ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ပန်းယျကျေးရွာ အနောက်ဘက်တွင် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန်ရည်ရွယ်ချက်ဖြင့် တရားမဝင်သယ်ဆောင်လာသည့် လက်နက်/ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ပူးပေါင်းပါဝင်ဖော်ထုတ် ဖမ်းဆီးရာ၌ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော မတ္တရာမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းမှူးက မတ္တရာမြို့နယ်ရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လုံခြုံရေးတပ်ဖွဲ့ဝင် များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားပြီး ဖော်ထုတ်ဖမ်းဆီးရမိသည့် လက်နက်/ခဲယမ်း များနှင့် ဆက်စပ်ပစ္စည်းများအား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment