Wednesday, August 11, 2021

မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လာရောက်လှူဒါန်း

 


မိုင်းယောင်း ဩဂုတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ လာရောက်လှူဒါန်းရာတွင် မိုင်းယောင်းမြို့မှ ဒေါက်တာစိုင်းခမ်းလျဲန်က အလှူငွေ ကျပ်တစ်သိန်း၊ ဒေါ်နန်းကိန်ခိုင် မိသားစုက အလှူငွေ ကျပ်တစ်သိန်း၊ ဦးဝေသူ မိသားစုက အလှူငွေ ကျပ်တစ်သိန်း၊ ဒေါ်နန်းခမ်းရှဲန် မိသားစုက အလှူငွေ ကျပ်ငါးသောင်း၊ ဒေါ်ခင်သန်းတင့်က အလှူငွေ ကျပ်ငါးသောင်း၊ သမဝါယမအသင်းများနှင့် သမဝါယမဦးစီးဌာနဝန်ထမ်းများက အလှူငွေ ကျပ်တစ်သိန်းနှင့် ရေဘေးသင့် ပြည်သူများအတွက် အလှူငွေ ကျပ်ခုနစ်သောင်း၊ ဒေါ်ပါလျှဲန်း မိသားစုက အလှူငွေ ကျပ်ငါးသောင်း၊ ဒေါ်နန်းဘွန်းပန်(ခ)အီလာလုံက အလှူငွေ ကျပ်ငါးသောင်း၊ ဒေါ်ချိုချိုဦးက အလှူငွေ ကျပ်သုံးသောင်း၊ တာချီလိတ်မြို့မှ Chan Jiang Myanmar ကုမ္ပဏီမှ အလှူငွေ ကျပ်တစ်သိန်းနှင့် ပိုးသတ်ဆေး တစ်ပုံးတို့ကို လာရောက်လှူဒါန်းခဲ့သည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အဖွဲ့ဝင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက “အလှူရှင်တွေက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအတွက် အလှူငွေနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းတွေ နောက်ပြီးတော့ သဘာဝဘေးသင့် ပြည်သူတွေအတွက်လည်း ကျွန်တော်တို့ဆီကို လာရောက်လှူဒါန်းတာတွေရှိပါတယ်။ အဲ့ဒီလို လှူဒါန်းရရှိတဲ့ လက်ခံရရှိတဲ့ အလှူငွေတွေ၊ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းတွေ၊ ကယ်ဆယ်ရေးပစ္စည်းတွေကို သက်ဆိုင်ရာတွေဆီကို ထပ်ဆင့်သွားရောက် ပေးအပ်ပါတယ်။ ထပ်ဆင့်ပို့ဆောင် လှူဒါန်းပေးခဲ့ပါတယ်ဟု ပြောသည်။

စိုင်းအောင်ဇော်လင်း

No comments:

Post a Comment