ဥတ္တရသီရိ ဩဂုတ် ၁၈
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဆွမ်းကွမ်းခက်ခဲသော ဘုန်းတော်ကြီး ကျောင်းများအား ဆန်၊ဆီနှင့်ကျန်းမာရေးသုံးပစ္စည်းများ ကိုမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဒါန်းပေးလျက်ရှိရာ ယနေ့ နံနက် ၁၀နာရီတွင် ဇလောင်းကျေးရွာအုပ်စု နန်ချွန်ကျေးရွာရှိ အေးမြသာယာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက် လှူဒါန်းခဲ့သည်။
အဆိုပါ ဘုန်းတော်ကြီးကျောင်းရှိ သံဃာ (၂၆) ပါး ၊ သာမဏေ (၂၄ )ပါး တို့အတွက် ဆန် (၂၀) အိတ် ၊ ဆီ (၁၅) ပိဿာ၊ ကြက်ဥ (၁၅၀) လုံးနှင့် ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးမင်းနှင့် ဥတ္တရသီရိ စေတနာ့ ဝန်ထမ်း များအဖွဲ့(OVG)တို့မှလှူဒါန်းပေးခဲ့ပြီး ကျန်ရှိနေသေးသည့် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များ အား ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)

No comments:
Post a Comment