ကျောက်မဲ ဩဂုတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က တပ်မတော်ကြည်း/ရေ/လေ မိသားစုများမှ ကျောက်မဲမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအတွက် စားနပ်ရိက္ခာများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအတွက်
တပ်မတော် ကြည်း/ရေ/လေ မိသားစုများမှ လှူဒါန်းပေးသည့် ဆန် ၃၀ အိတ်၊ ဆီ ၃၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၂ ဖာ၊
အရက်ပြန် ပုံးကြီး ၁ ပုံး၊ကလိုရင်း ပုံးကြီး ၁ ပုံး၊ Face Shield ၁၀၀ ခု၊ Mask ၁၅ ဗူးနှင့်
ကြက်ဥ အလုံ ၁၀၀၀ တို့ကို တပ်မတော်ကြည်း/ရေ/လေ
ကိုယ်စား အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊စစ်ဦးစီးမှူး (ပထမတန်း) (ဦး/ရေး/ထောက်)ဒုတိယဗိုလ်မှူးကြီးလွင်ဘုန်းအောင်က
ပေးအပ်လှူဒါန်းခဲ့ပြီး ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဝင်းတို့ကလက်ခံရယူခဲ့သည်။
ကျောက်မဲမြို့နယ်အတွင်းတွင် ယမန်နေ့ နေ့လယ်
၁၂ နာရီ အထိ စာရင်းအရ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅၇၇ ဦး၊ သေဆုံးသူ ၃၁ ဦးရှိပြီဖြစ်ကြောင်းကျန်းမာရေးဌာနမှ
သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)
No comments:
Post a Comment