Saturday, August 14, 2021

ပုသိမ်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

 


 

ပုသိမ်ကြီး ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ထိုးနှံပေးခြင်းကို ယနေ့နေ့လယ် ၁နာရီ က မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ လာရောက်ထိုးနှံ လျက်ရှိသည်။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနများအလိုက် ကာကွယ်ဆေးထိုးနှံမည့် လူဦးရေစာရင်းများ ကောက်ယူကာ ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးကြသည်။ ယနေ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ထိုးနှံရာတွင် နိုင်ငံ့ဝန်ထမ်း ကျား(၆၃)၊ မ(၃၇)ဦး၊ စုစုပေါင်း (၁၀၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment