မဟာအောင်မြေ ဩဂုတ် ၁၄
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀နာရီက ဆေးထိုးစုရပ်နေရာတို့၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ ကာကွယ်ဆေး (Sinopharm) ကို မဟာအောင်မြေမြို့နယ်အနေဖြင့် ဆေးထိုးစုရပ် (၅)နေရာများဖြစ်သည့် အ-မ-က(၃)၊ အ−ထ−က(၂၄)၊ မြို့နယ်အားကစားကွင်း၊ စက်နွယ်စင်ရပ်ကွက်ရှိ လက်ပံတန်းဓမ္မာရုံနှင့် ရတနာဘုမ္မိရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နေရာများတွင် ကိုဗစ်−၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။ ယနေ့မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး(၁၈)ရပ်ကွက်မှ အသက်(၆၅)နှစ်အထက် အဘိုးအဘွား (၁၀၂၂)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ က ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း စသည့်ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးသည်။
မဟာအောင်မြေမြို့နယ်အတွင်း ပြည်သူများ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူတို့ ပူးပေါင်း၍ ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိပ်ထားနိုင်

No comments:
Post a Comment