Saturday, August 14, 2021

လသာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်လျှက်ရှိ



လသာ   ဩဂုတ်   ၁၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်၊၊

ထို့သို့ဆောင်ရွက်ရာတွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ရှေးဦးပြုစုဆေးကုသမှုခံယူပြီးသော လူနာများနှင့် အရေးပေါ်လူနာများအား နီးစပ်ရာနှင့် သက်ဆိုင်ရာဆေးရုံများသို့ အချိန်မီ ပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ အဆိုပါလုပ်ငန်းအတွက် လိုအပ်နေသော လူနာတင်ယာဉ် (Ambulance) ဝယ်ယူခြင်းအတွက် အလှူရှင်များအား တပ်အားသရွေ့ ပါဝင်လှူဒါန်းကြရန် နှိုးဆော်ခြင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်လုပ်ကိုင်နေသည့် ဆေးဖျန်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အောက်ဆီဂျင်လိုအပ်နေသော လူနာများအတွက် အောက်ဆီဂျင်များရရှိရန် ပူပေါင်းဆောင်ရွက်ခြင်းများ  လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည်၊၊

ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် နံနက်(၆)နာရီမှ ည(၆)နာရီထိ ရန်ကုန်(၄)ခရိုင်မှ ကြက်ခြေနီ တပ်ဖွဲ့ဝင်များကို အလှည့်ကျတာဝန်ချထားရာတွင် လသာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ အနေဖြင့် ပါဝင်ဆောင်ရွက်လျှက်ရှိကြောင်း၊ သူနာပြုတက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ အခမဲ့စစ်ဆေးပေးသည့်စင်တာတွင်လည်း လသာမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ အနေဖြင့် ပါဝင်တာဝန်ထမ်းဆောင်လျှက်ရှိကြောင်းနှင့် လသာမြို့နယ်အတွင်း အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆေးထိုးနှံမည်သူများအား စာရင်းကောက်ယူခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံစဉ်အတွင်း သက်ကြီး ဘိုးဘွားများအား ကူညီဆောင်ရွက်ပေးခြင်း တို့ကိုလည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်၊၊                         

မြို့နယ် (ပြန်/ဆက်)

 

No comments:

Post a Comment