Wednesday, August 18, 2021

တန့်ယန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်


 


တန့်ယန်း  သြဂုတ်  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ လျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယနေ့တွင် မြို့နယ်အရန်မီးသတ် တပ်ရင်းရုံး၌ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြသည်။

အဆိုပါဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မှုတွင် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သဘာဝ ဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များဖြစ်ပေါ်လာပါက မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကို လျှင်မြန် ထိရောက်စွာ ကူညီကယ်ဆယ် ရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရန် မြို့နယ်အရန်မီးသတ်တပ်ရင်းရုံးသို့ အချိန်မရွေးဆက်သွယ် ဆောင်ရွက်နိုင်ရန် အတွက် ဖုန်းနံပါတ်များလည်း ကြေညာထားကြောင်း သိရသည်။

 မင်းလွင်ဦး(ပြန်/ဆက်)

No comments:

Post a Comment