ရန်ကင်း သြဂုတ် ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အမှတ် ၁၄ရပ်ကွက်အတွင်းရှိ ရန်ကင်းပညာရေး ကောလိပ် ၌ဖွင့်လှစ်ထားသော ရန်ကင်း Covid Care Center တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာများအား သြဂုတ်လ ၁၄ ရက်နေ့မှစတင်ပြီးလက်ခံကုသဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရန်ကင်းကိုဗစ်ကုသရေးစင်တာအား လေးကျွန်းသူဖောင်ဒေးရှင်းနှင့် မဟာမိတ်အဖွဲ့ (၅)ဖွဲ့နှင့်စေတနာရှင်ပြည်သူများ၏လှူဒါန်းမှုဖြင့်အခမဲ့ကုသဆောင်ရွက်ပေးလျက်ရှိပြီးစင်တာတွင်တက်ရောက်ကုသမည့်လူနာများအတွက် ကိုယ်ပိုင်အောက်ဆီဂျင်စက်တည်ဆောက်ထား ကာ၂၄နာရီအောက်ဆီဂျင်ဖြည့် သွင်းနိုင်ရန်စီစဉ်ထား ကြောင်းသိရသည်။
ထို့အပြင်လူနာတစ်ဦးချင်းစီတိုင်းအသုံးပြုနိုင်ရန်အတွက်၄၀လီတာ အောက်ဆီဂျင်အိုးများ ထားရှိပြီး Oxygen Concentrator အလုံး ၄၀၀ ကျော်ကိုလည်း အရန်သင့်စီစဉ်ထားကြောင်း၊ ရန်ကုန်-ရန်ကင်းCovid Care Center တွင်တက်ရောက်ကုသလိုသော Covid Positive လူနာများသည် ကျန်းမာရေး ကုသမှုအလုံးစုံအတွက်ငွေကြေးတစ်စုံတစ်ရာ ပေးရန်(လုံးဝ) မလိုအပ်ကြောင်း၊ မြို့နယ်ဒေသန္တရ မှထုတ်ပေးသောကျန်းမာရေးထောက်ခံချက်ပါရှိရမည် ဖြစ်ကြောင်း၊ တက်ရောက် ကုသသည့်လူနာများအား နံနက်စာ၊ နေ့လယ်စာ၊ ညနေစာ များကိုလည်းစင်တာမှ တာဝန်ယူကျွေးမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါရန်ကုန်-ရန်ကင်း Covid Care Center တွင်တက်ရောက်ကုသ လိုသည့်လူနာများ အနေဖြင့်Hot Line ဖုန်းနံပါတ်များဖြစ်သည့် ၀၉၄၄၁၉၉၂၄၂၁ ဦးအောင်လှိုင်ဦး၊ ၀၉၄၄၁၉၉၂၃၇၃ ဦးသန်းထိုက် ကျော်အစရှိသည့်ဖုန်းနံပါတ်များသို့ ၂၄ နာရီပတ်လုံးဆက်သွယ် စုံစမ်းပြီး ဆေးကုသမှုခံယူနိုင် ကြောင်းသိရသည်။
လှလှထွေး(ပြန်/ဆက်)

No comments:
Post a Comment