အုတ်ဖို သြဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယမန်နေ့မှ စတင်ကာ ကျေးရွာများတွင် ပါနေရာခွဲ၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်အတွင်း
ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် လူစုလူဝေးဖြစ်ကာ ဆေးထိုးလာသည့် ပြည်သူများ
ရောဂါကူးစက်မှု မဖြစ်ပေါ်စေရန် နေရာ(၁၀)နေရာခွဲ၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ဆရာတော်သံဃာတော်(၄)ဦး၊ အသက် (၆၅)နှစ်အထက် အဖိုးအဖွား(၂၈၅)ဦး၊
နိုင်ငံဝန်ထမ်း(၂)ဦး၊ ပရဟိတအဖွဲ့ဝင်(၂၅)ဦး၊ စျေးသူစျေးသား (၃၄)ဦးနှင့် စက်ရုံအလုပ်ရုံ ဝန်ထမ်း(၁၂)ဦး စုစုပေါင်း(၃၆၂)ဦးအား
ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကြီးကြပ် ထိုးနှံပေးခဲ့ကြောင်းနှင့် ယနေ့တွင်လည်း
ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

No comments:
Post a Comment