Saturday, August 14, 2021

ထားဝယ်မြို့တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး အောက်ဆီဂျင်စက်ရောက်ရှိမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကြည့်ရှု့စစ်ဆေး

 



                                                                                      ထားဝယ် သြဂုတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ အပါအဝင် အောက်ဆီဂျင် လိုအပ်သော လူနာများအတွက် အရေးပေါ် အောက်ဆီဂျင်လုံလောက်မှုရရှိစေရန် ရည်ရွယ်လျက် တစ်ရက်လျှင် (၄၀)လီတာဆံ့ အောက်ဆီဂျင်အိုးအလုံး (၂၀၀)အထိ ထုတ်လုပ်နိုင်သည့်အောက်ဆီဂျင်စက်ကို တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဝယ်ယူဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင်ထားဝယ်မြို့၊ ကမြောကင်းလမ်း၊ တိုင်းဒေသကြီး လွှတ်တော်ရုံး အနောက်ဘက်၊ တည်ဆောက်ရေး လုပ်ငန်း နေရာသို့ ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စက်ရောက်ရှိရာနေရာသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြရာ အောက်ဆီဂျင်စက် တည်ဆောက်ရေးကုမ္ပဏီတာဝန်ခံဦးမျိုးလွင် က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံအတွက် အောက်ဆီဂျင်စက်မှာ တရုတ်နိုင်ငံထုတ် NZO- 60 NM3 အမျိုးအစား ဖြစ်ကြောင်း တစ်ရက်လျှင် အောက်ဆီဂျင်လီတာ (၄၀)ဆံ့ အိုး (၂၀၀)အထိ ထုတ်လုပ် နိုင်မည်ဖြစ်ပါကြောင်းရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို က အောက်ဆီဂျင်စက် တည်ဆောက်ရေး လုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်နိင်ရေး သက်ဆိုင်ရာကုမ္ပဏီနှင့် တည်ဆောက်ရေး ကော်မတီများ အနေဖြင့် လည်းကောင်း၊ စက်တပ်ဆင်ပြီး ပါက အောက်ဆီဂျင်ထုတ်လုပ်ပြီး အောက်ဆီဂျင်လိုအပ်သည့် လူနာများအား အမြန်ဆုံးဖြန့်ဝေပေးနိုင်ရေး  အတွက် တိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအနေဖြင့် လည်းကောင်း ဝိုင်းဝန်းဆောင်ရွက် ပေးကြရန်နှင့် အောက်ဆီဂျင်စက် ထုတ်လုပ်နိုင်ပြီးဆိုပါက အောက်ဆီဂျင်ဖြန့်ဝေသည့် လုပ်ငန်းများကို စနစ်တကျဖြင့် အချိန်နှင့်တပြေး ညီဆောင်ရွက်နိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိကြရန် တာဝန်ရှိသူ အသီးသီးတို့အား လမ်းညွှန်မှာကြား ခဲ့ကြောင်းသိရသည်။

အဆိုပါအောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် အောက်ဆီဂျင်စက်ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် လည်းကောင်း ၊ ပင်မ အဆောက် အဦ(ပေ ၃၀× ပေ ၆၀)ကိုတိုင်းဒေသကြီးဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း က တာဝန်ယူဆောက် လုပ်လှူဒါန်းခြင်းဖြင့် လည်းကောင်း၊ အုပ်ချုပ်မှုအဆောက်အဦ(၁)လုံး(ပေ ၄၀× ပေ ၁၈)အား တိုင်းဒေသကြီးငါးဆရာများအဖွဲ့ က တာဝန်ယူ ဆောက်လုပ်လှူဒါန်းခြင်းဖြစ် လည်းကောင်းဆောင်ရွက် လျက်ရှိပြီးစက်ရုံ တည်ဆောက်ပြီး ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ကလည်း အချိန်နှင့်တပြေးညီကြိုးပမ်း အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

ကျော်ကျော်လတ်(ထားဝယ်)

 

No comments:

Post a Comment